စီးပွားရေး ပြန်လည် ဦးမော့လာမှု အရှိန်ကို မြှင့်တင်ခိုင်မာစေရန် အစီအမံများစွာ ဆောင်ရွက်

(GMT+08:00)2024-05-02 16:11:34  

တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ နောက်ဆုံး အချက်အလက်များအရ ယခုနှစ် ပထမသုံးလပတ်တွင် ပေကျင်း-ထျန်းကျင်း-ဟိုပေ၊ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသနှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီး တို့၏ စီးပွားရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာ‌‌ကြောင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသများတွင် စက်မှု လုပ်ငန်း အသွင်ကူးပြောင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ အရှိန်မြှင့်ဆောင်ရွက်နေကြောင်း၊ အရှေ့မြောက်ပိုင်း ဒေသရှိ အဓိက ပရောဂျက်များစွာကို အရှိန်မြှင့် အကောင်အထည်ဖော်လျက်ရှိကြောင်း၊  ပုံသေ ဓနဥစ္စာ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၉.၆ ရာခိုင်နှုန်း တိုးလာပြီး တစ်နိုင်ငံလုံး၏ ပျမ်းမျှတိုးနှုန်းထက် ၅.၁ ရာခိုင်နှုန်း ပိုမြင့်ကြောင်း သိရပါသည်။