ရှန်ဟိုင်း-ဟောင်ကောင် ပူးပေါင်းဆောင်ရွက်မှုသည် အဆင့်မြင့်ကာလသစ်သို့ ရောက်ရှိ

(GMT+08:00)2024-05-02 16:12:27  

မကြာခင်ရက်များအတွင်း ဟောင်ကောင်ဒေသအနှံ့အပြားတွင် ရှန်ဟိုင်းလက္ခဏာများဖြင့် ပြည့်နှက်နေပါသည်။ "၂၀၂၄ ဟောင်ကောင်-ရှန်ဟိုင်း ရက်သတ္တပတ်" လှုပ်ရှားမှုအတွင်း ရှန်ဟိုင်း-ဟောင်ကောင် ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ၏ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ၂၀၀၃ ခုနှစ်က ပထမဆုံး အကြိမ်ကျင်းပခြင်းမှစပြီး နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုသည် အဆက်မပြတ် နက်ရှိုင်းလာခဲ့ပါသည်။ ယခုအကြိမ်အစည်းအဝေးတွင် ရှန်ဟိုင်းနှင့် ဟောင်ကောင်တို့မှ သက်ဆိုင်ရာဌာနများက စီးပွားကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ဥပဒေရေးရာဝန်ဆောင်မှု၊ သိပ္ပံနှင့်နည်းပညာနှင့် ယဉ်ကျေးမှုစသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု စုစုပေါင်း ၂၀ကို လက်မှတ်ရေးထိုးခဲ့ပြီး ရှန်ဟိုင်း-ဟောင်ကောင် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်ကာလသစ်သို့ ရောက်ရှိနေခြင်းကို သက်သေပြခဲ့ပါသည်။