“တောင်-မြောက် အကူးအပြောင်း”ဟူသော abalone များ သိပ္ပံနည်းကျစွာမွေးမြူ

(GMT+08:00)2024-05-01 15:34:58  

စန်းတုန်းပြည်နယ် Rongchengမြို့ အိုက်လွင်ပင်လယ်ကွေ့ အဏ္ဏဝါမွေးမြူရေးစခန်း၌ အလုပ်ရှုပ်နေသောမြင်ကွင်းတွေ့နိုင်ပါသည်။ ဖူကျန့်ပြည်နယ်မှ သင်္ဘောတစ်စီးသည်  အဏ္ဏဝါမွေးမြူရေးစခန်း၏ မွေးမြူရေးဇုန်၌ ရပ်ထားပါသည်။ မွေးမြူရေး အလုပ်သမားများသည် abalone များကို သတ်မှတ်ထားသော ပင်လယ်ရပ်ဝန်း၌ ဆက်လက်မွေးမြူရန် ပို့ဆောင်ကြပါသည်။

စန်းတုန်းပြည်နယ် Rongchengမြို့ နှင့် ဖူကျန့်ပြည်နယ် Putianမြို့စသောဒေသများ သည် “တောင်-မြောက် အကူးအပြောင်း”ဟူသော abalone များ သိပ္ပံနည်းကျစွာမွေးမြူရေးကို ပူးပေါင်းဆောင်ရွက်နေကြပါသည်။ ဤသို့ ဆောင်းရာသီနှင့် နွေရာသီ ကူးပြောင်းသော “ရွှေ့ပြောင်းငှက်ပုံစံ”ဖြင့် မွေးမြူရေးနည်းလမ်းသည် ဆောင်းရာသီနှင့် နွေရာသီ၌ ပင်လယ်ရေ အပူချိန်လွန်ကဲစွာကွာခြားမှုကို ထိရောက်စွာ ရှောင်ရှားနိုင်ပြီး abalone များမွေးမြူရေး စက်ဝန်းကို တိုစေကာ မွေးမြူရေးအကျိုး အမြတ် တိုးမြင့်လာ၍ မွေးမြူရေးသမားများ၏ဝင်ငွေ တိုးစေပါသည်။