ဖိလစ်ပိုင်အား ဟွမ်ယမ်ကျွန်းတွင် ကျူးကျော်ထိပါးမှုနှင့် ရန်စသည့် လုပ်ရပ်များကို ချက်ချင်းရပ်စဲရန် တရုတ်က တိုက်တွန်း

(GMT+08:00)2024-05-01 15:21:53  

ဧပြီလ ၃၀ ရက်နေ့က ကျင်းပခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့မှ ဟွမ်ယမ်ကျွန်း အနီးပင်လယ်ရပ်ဝန်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်သင်္ဘောများနှင့် အစိုးရ သင်္ဘောများကို နှင်ထုတ်ခြင်းနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ဟွမ်ယမ်ကျွန်းသည် တရုတ်ပြည်၏ ရှိရင်းစွဲ ပိုင်နက်နယ်မြေ ဖြစ်ကြောင်း၊ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် သင်္ဘောများသည် တရုတ်ပြည်၏ ခွင့်ပြုချက်မရရှိဘဲ ဟွမ်ယမ်ကျွန်းအနီးပင်လယ်ရပ်ဝန်းသို့ ဝင်ရောက်ခြင်းသည် တရုတ်ပြည်၏ အချုပ်အခြာ အာဏာပိုင်မှုကို ဆိုးရွားစွာ ကျူးကျော်ထိပါးခြင်းဖြစ်ကြောင်း၊ တရုတ် ကမ်းခြေစောင့်တပ်သည် ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား နှင်ထုတ်ရန် လိုအပ်သော ဆောင်ရွက်ချက်များကို ကျင့်သုံးခဲ့ကြောင်း၊ ဖိလစ်ပိုင်အနေနှင့် ဟွမ်ယမ်ကျွန်းတွင် ကျူးကျော်ထိပါးမှုနှင့် ရန်စသည့် လုပ်ရပ်များကို ချက်ချင်းရပ်စဲပြီး တရုတ်ပြည်၏ အချုပ်အခြာ အာဏာပိုင်မှု ထိန်းသိမ်းကာကွယ်မည့် ခိုင်မာပြတ်သားသော သန္နိဋ္ဌာန်ကို စိန်ခေါ်ခြင်းမပြုရန် တိုက်တွန်းကြောင်း ပြောကြားပါသည်။