“မေဒေး”နိုင်ငံတကာ အလုပ်သမားနေ့ ကျရောက်သည့် အခါသမယတွင် ရှီကျင့်ဖိန်သည် တစ်ပြည်လုံးမှ ပြည်သူလူထုများအား နှုတ်ခွန်းဆက်သမှုနှင့် နှစ်သိမ့်အားပေးကြောင်း ပြောကြား

(GMT+08:00)2024-05-01 15:26:08  

“မေဒေး”နိုင်ငံတကာ အလုပ်သမားနေ့ ကျရောက်သည့် အခါသမယတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပါတီ ဗဟို ကော်မတီ ကိုယ်စား တစ်ပြည်လုံးမှ ပြည်သူလူထုများအား နှုတ်ခွန်းဆက်သမှုနှင့် စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်အားပေးကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၇၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး ၁၄ကြိမ်မြောက် ၅နှစ် စီမံကိန်းပါ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရန် အဓိကကျသည့် နှစ်တစ်နှစ်လည်း ဖြစ်ကြောင်း၊ ပြည်သူလူထု အားလုံးသည် ပါတီနှင့် နိုင်ငံတော် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသည့် အကျိုးပြုမှုများကို အားထုတ်ကြိုးပမ်း စွမ်းဆောင်ခဲ့ကြကြောင်း ပြောကြားပါသည်။

    ထို့အပြင် ရှီကျင့်ဖိန်က ပြည်သူလူထု အားလုံးသည် အင်အားတောင့်တင်းသော နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသား ပြန်လည်ရှင်သန်ရေး ဖြစ်သည့် မွန်မြတ်သော လုပ်ငန်းများ ကို ဘက်စုံတွန်းအားပေးရေး အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ ပါတီ ကော်မတီနှင့် အစိုးရ အဆင့်ဆင့်တို့ အနေနှင့် အလုပ်သမားများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကောင်းမွန်စွာ အကောင်အထည် ဖော်ဆောင်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်းလည်း အလေးထား ပြောကြားပါသည်။