ဖိလစ်ပိုင်မှ ဟွမ်ယမ်ကျွန်းသို့ တရားမဝင်ဝင်ရောက်ကျူးကျော်မှုနှင့်ပတ်သက်ပြီး တရုတ် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်

(GMT+08:00)2024-05-01 15:23:49  

တရုတ်ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Gan Yu က ဧပြီလ ၃၀ရက်နေ့တွင် ဖိလစ်ပိုင်ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့မှ ရေယာဉ် အမှတ်-၄၄၁၀နှင့် အစိုးရရေယာဉ် အမှတ်-၃၀၀၄တို့သည် တရုတ်နိုင်ငံ၏ ထပ်ခါတလဲလဲ ဖျောင်းဖျပြောဆိုခြင်းနှင့် သတိပေးချက်များကို လျစ်လျူရှုပြီး တရုတ်နိုင်ငံ ဟွမ်ယမ်ကျွန်း အနီးတစ်ဝိုက် ပင်လယ်ရပ်ဝန်းသို့ အတင်းအဓ္ဓမဝင်ရောက်ကျူးကျော်ခဲ့ကြကြောင်း၊ တရုတ်ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့သည် လိုက်လံစောင့်ကြည့်ခြင်း၊ ရေအမြောက်သတိပေးခြင်းနှင့် တားဆီးထိန်းချုပ်ခြင်းစသည့် လိုအပ်သောနည်းလမ်းများကို ဥပဒေနှင့် အညီ ဆောင်ရွက်ပြီး တရားမဝင် ဝင်ရောက်ကျူးကျော်လာသည့် ဖိလစ်ပိုင်ရေယာဉ်များကို နှင်ထုတ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းမှာ ပရော်ဖက်ရှင် ကျပြီး တရားမျှတကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ လုပ်ရပ်မှာ တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကျူးကျော်ထိပါးခြင်း ဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေးမူများကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ခြင်း ဖြစ်သဖြင့် မိမိတို့အနေဖြင့် ဖိလစ်ပိုင်နိုင်ငံအား ကျူးကျော်မှု လုပ်ရပ်များကို ချက်ချင်းရပ်စဲရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံသည် ဟွမ်ယမ်ကျွန်းနှင့် ဟွမ်ယမ်ကျွန်းအနီးတစ်ဝိုက် ပင်လယ်ရပ်ဝန်းအပေါ် ငြင်းခုံ၍မရသော အချုပ်အခြာ အာဏာပိုင်ခွင့်ရှိပြီး သက်ဆိုင်ရာပင်လယ်ရပ်ဝန်းအပေါ်လည်း အချုပ်အခြာအာဏာပိုင်ခွင့် နှင့် စီမံအုပ်ချုပ်ခွင့်ရှိကြောင်း၊ တရုတ်ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့သည် ဥပဒေနှင့် အညီ တရုတ်ပိုင်နက်ပင်လယ်ရပ်ဝန်းတွင် အခွင့်အရေးကာကွယ်ထိန်းသိမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလှုပ်ရှားမှုများကို ဆက်တိုက်ဆောင်ရွက်မည် ဖြစ်ပြီး နိုင်ငံတော်၏ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် အဏ္ဏဝါရေးရာ အခွင့်အရေးများကို ပြတ်ပြတ်သားသား ကာကွယ် ထိန်းသိမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။