ရှီကျင့်ဖိန်သည် Smederevo သံမဏိ စက်ရုံမှ ဝန်ထမ်းများအား စာပြန်

(GMT+08:00)2024-05-01 15:26:36  

    ဧပြီလ ၂၉ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် HBIS ကုမ္ပဏီ အုပ်စု Smederevo သံမဏိ စက်ရုံမှ ဆာဗီးယား ဝန်ထမ်းများအား ပြန်စာရေးသားပြီး ၄င်းတို့အား တရုတ်-ဆာဗီးယား ချစ်ကြည်ရေး အတွက် အကျိုးပြုမှုသစ်များကို စွမ်းဆောင်ရန် အားပေးကြောင်း ဖောပြပါသည်။

    ရှီကျင့်ဖိန်က Smederevo သံမဏိ စက်ရုံ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးသည် တရုတ်နှင့် ဆာဗီးယားတို့ Belt and Road အရည်အသွေးမြင့် အတူ တည်ဆောက်ရေး၏ သက်ဝင်လှုပ်ရှားသော လက်တွေ့ အကောင်အထည် ဖော်ဆောင်မှု ဖြစ်ပြီး နှစ်နိုင်ငံ အကြား အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှု အတွက် စံနမူနာ တစ်ခု အောင်မြင်စွာ စိုက်ထူခဲ့ခြင်းလည်း ဖြစ်ကြောင်း၊ သံမဏိ စက်ရုံမှ ဝန်ထမ်းများသည် တရုတ်-ဆာဗီးယား အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ပါဝင်ဆောင်ရွက်သူ၊ ကိုယ်တွေ့ မျက်မြင်ဖြစ်သူနှင့် အကျိုးပြုစွမ်းဆောင်သူများဖြစ်သလို အကျိုးခံစားရရှိသူများလည်း ဖြစ်ကြောင်း၊ Smederevo သံမဏိ စက်ရုံမှ ဝန်ထမ်းများသည် ဆာဗီးယား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးနှင့် တရုတ်-ဆာဗီးယား ချစ်ကြည်မှု ခိုင်မာစေရေး အတွက် ပိုမိုကြီးမားသည့် အကျိုးပြုမှုသစ်များကို စွမ်းဆောင်ရန် မျှော်လင့်ကြောင်း အလေးထား ဖော်ပြထားပါသည်။