ယူကရိန်း၏ တိုက်ခိုက်မှုကို တွန်းလှန်တိုက်ဖျက်ခဲ့ဟု ရုရှားဆိုပြီး၊ ရုရှားပစ်မှတ်များကို တိုက်ခိုက်ခဲ့ဟု ယူကရိန်း ဆို

(GMT+08:00)2024-05-01 15:20:58  

ဒေသစံတော်ချိန် ဧပြီလ ၃၀ ရက်နေ့က ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ပွဲအစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ရုရှားတပ်မတော်မှ အနောက်ပိုင်းတပ်စုသည် ယူကရိန်စစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက်မှု ၅ ကြိမ်ကို တွန်းလှန်တိုက်ဖျက်ပြီး၊ တောင်ပိုင်း တပ်စုသည် တိုက်ပွဲတွင် ကောင်းမွန်သော အနေအထားကို သိမ်းပိုက်ပြီး ယူကရိန်း စစ်တပ်အမှုထမ်းများနှင့် စက်ပစ္စည်းများအပေါ် ဆုံးရှုံးမှုဖြစ်စေကြောင်း ဖော်ပြခဲ့ပါသည်။

     ထိုနေ့တွင်ပင် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးဌာနချုပ်မှ တိုက်ပွဲအစီရင်ခံစာ ကို ထုတ်ပြန်ခဲ့ရာ ရှေ့တန်းနယ်မြေများတွင် တိုက်ပွဲ ၉၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ယူကရိန်း စစ်တပ် သည် Kupiyansk၊ Bakhmut နှင့် Avdeyevka အပါအဝင် လမ်းကြောင်း ၇ ခုမှ ရုရှား၏ တိုက်ခိုက်မှုများကို တွန်းလှန်တိုက်ဖျက်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။