တရုတ်နိုင်ငံ၏ ပထမဆုံး “တရုတ်-လာအို-ထိုင်း-မလေးရှား” ကုန်စည်ပို့ဆောင်ရေး ရထား စတင်ပြေးဆွဲ

(GMT+08:00)2024-05-01 15:31:04  

တရုတ်နိုင်ငံ၏ ပထမဆုံး “တရုတ်-လာအို-ထိုင်း-မလေးရှား” ကုန်စည်ပို့ဆောင်ရေး ရထားသည် ဧပြီလ ၃၀ရက်နေ့က စီချွမ်းပြည်နယ် ချိန်တူး အပြည်ပြည်ဆိုင်ရာ ရထားဘူတာမှ ထွက်ခွာခဲ့ပါသည်။ တရုတ်-လာအိုရထားလမ်း နှင့် နောက်ဆက်တွဲ ရထားပို့ဆောင်ရေးမှတစ်ဆင့် တရုတ်မှ မလေးရှားအထိ တင်ပို့သော ကုန်စည်များကို မီးရထားဖြင့် တိုက်ရိုက်ပို့ဆောင်နိုင်သည့် ပထမဆုံးအကြိမ် အကောင်အထည်‌ ဖော်လာ ခြင်းဖြစ် ပါသည်။