တတိယအကြိမ်မြောက် CMG Forum လှုပ်ရှားမှုများ ကျင်းပ

(GMT+08:00)2024-05-01 15:33:40  

မကြာသေးမီက တတိယအကြိမ်မြောက် CMG Forum လှုပ်ရှားမှုများကို ပေကျင်းတွင် ကျင်းပခဲ့ပါသည်။ သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ခံများ၊ နာမည်ကျော် ပညာရှင်များ၊ နိုင်ငံတကာမီဒီယာဌာနများမှ ကိုယ်စားလှယ်များ၊ နိုင်ငံဖြတ်ကျော်ကုမ္ပဏီများ မှ တာဝန်ခံများ၊ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များ စသော တရုတ်ပြည်တွင်းပြည်ပ ဧည့်သည်များသည် ပေကျင်းမြို့၌ စုစည်းကြပြီး ရှေးဟောင်းနန်းတော်၊ ထွန်းကျိုး မဟာတူးမြောင်းယဉ်ကျေးမှုခရီးသွားရှုခင်းသာရပ်ကွက်၊ ပေကျင်းမြို့ပြ ပြတိုက်စသော နေရာများသို့ လှည့်လည်ကြည့်ရှုကြကာ ပေကျင်းသမိုင်းနှင့် ခေတ်မီမှုပေါင်းစပ်သော ထူးခြားသည့်အနှစ်သာရကို ခံစားခဲ့ကြပါသည်။

CMG Forumသည် China Media Groupမှ တီထွင်ပြီး ကြီးမားသော ဩဇာသက်ရောက်မှုရှိသည့် နိုင်ငံတကာမီဒီယာကူးလူးဖလှယ်ရေးပလက်ဖောင်းဖြစ်ပါသည်။ ဧပြီလ ၂၉ရက်နေ့က တတိယအကြိမ်မြောက် CMG Forum၏ ပင်မဖိုရမ်ကို ပေကျင်း၌ ကျင်းပခဲ့ပါသည်။