သဘောတူညီမှု ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ ရာဖာမြို့ကို တိုက်ခိုက်မည်ဟု အစ္စရေး ဝန်ကြီးချုပ် ဆို

(GMT+08:00)2024-05-01 15:24:29  

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု က အစ္စရေးနိုင်ငံနှင့် ပါလက်စတိုင်းဟားမတ်စ်အဖွဲ့ အကြား သဘောတူညီမှု ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ အစ္စရေးတပ်ဖွဲ့သည် ဂါဇာဒေသတောင်ပိုင်း ရာဖာမြို့ကို တိုက်ခိုက်မည် ဖြစ်ကြောင်း ဧပြီလ ၃၀ရက်နေ့က ပြောကြားခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးမှ အဲဒီနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြ ထားပါသည်။
    ဝန်ကြီးချုပ် နေတန်ရာဟု သည် ဂျေလုစလင်မြို့ရှိ ဝန်ကြီးချုပ်ရုံး၌ ဂါဇာဒေသ ဖမ်းဆီးထိန်းသိမ်းခံရသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် ထိုသို့ပြောကြားသွားခြင်း ဖြစ်ပါသည်။ ဝန်ကြီးချုပ် နေတန်ရာဟု က သဘောတူညီမှု ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ မိမိတို့အနေဖြင့် ရာဖာမြို့သို့ ဝင်ရောက်ပြီး ထိုနေရာရှိ ဟားမတ်စ်တပ်ရင်းများကို တိုက်ဖျက်မည်ဖြစ်ပြီး လုံးဝအနိုင်ရရှိ မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။