တရုတ်ရေတပ် “ဖူကျန့်” လေယာဉ်တင် သင်္ဘောသည် ပင်လယ်ပြင်သို့ ပထမဆုံး ရွက်လွှင့်စမ်းသပ်မှု ပြုလုပ်

(GMT+08:00)2024-05-01 15:22:50  

မေလ ၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဉ်တင်သင်္ဘော “ဖူကျန့်”သည် ရှန်ဟိုင်းမြို့ရှိ ကျန်းနန် သင်္ဘောကျင်း ဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့ပြီး ပထမဆုံး ရွက်လွှင့်စမ်းသပ်မှု ပြုလုပ်ရန် ပင်လယ်ပြင်သို့ ရွက်လွှင့်ခဲ့ပါသည်။ ယခုအကြိမ်ပင်လယ်စမ်းသပ်မှုသည် “ဖူကျန့်” သင်္ဘော၏ ပြေးဆွဲရေးပါဝါ၊ လျှပ်စစ်စနစ်များ၏ ယုံကြည်စိတ်ချရမှုနှင့် တည်ငြိမ်မှုကို အဓိကအားဖြင့် စမ်းသပ်စစ်ဆေးပြီး အတည်ပြုခြင်းဖြစ်ပါ သည်။