တရုတ်သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် Zheng Jianbang သည် ၁၅ ကြိမ်မြောက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်

(GMT+08:00)2024-05-01 15:21:20  

ဂမ်ဘီယာသမ္မတ ဘာရိုး၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဒုဥက္ကဋ္ဌ Zheng Jianbang သည် မေလ ၄ ရက်‌‌‌မှ ၅ ရက်အထိ ဘန်ဇူး၌ ကျင်းပမည့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ၁၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဂမ်ဘီယာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။