အင်ဒိုနီးရှားနိုင်ငံ Ruangမီးတောင် ပေါက်ကွဲခဲ့သောကြောင့် လေဆိပ် ၇ခု ယာယီပိတ်

(GMT+08:00)2024-05-01 15:29:40  

ဒေသစံတော်ချိန် မေလ ၁ရက်နေ့က အင်ဒိုနီးရှားလေကြောင်းလမ်းညွှန်ရေး ဝန်ဆောင်မှုဌာနမှ သတင်းအရ ဧပြီလ ၃၀ရက်နေ့တွင်  အင်ဒိုနီးရှားနိုင်ငံ Ruangမီးတောင် ပြင်းထန်စွာပေါက်ကွဲခဲ့သောကြောင့် လေကြောင်းလုံခြုံရေး ကာကွယ်ရန်အတွက် Sulawesiဒေသအနီးရှိ လေဆိပ် ၇ခုကို ယာယီပိတ်ထားပြီး လေကြောင်းခရီးစဉ် ၅၀ ဖျက်သိမ်းခဲ့ကြောင်း သိရှိရပါသည်။