တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ဇူလိုင်လတွင် ကျင်းပမည်

(GMT+08:00)2024-04-30 16:02:58  

    တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ဧပြီလ ၃၀ရက်နေ့က အစည်းအဝေး ကျင်းပရာတွင် ယခုနှစ် ဇူလိုင်လ၌ ပေကျင်းတွင် တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး  ကျင်းပမည်ဟု ဆုံးဖြတ်ကြောင်း၊ အစည်းအဝေး၏ အဓိက အစီအစဉ်မှာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့မှ ဗဟိုကော်မတီ ထံသို့ လုပ်ငန်း အစီရင်ခံပြီး ပြုပြင်ပြောင်းလဲမှု တစ်ဆင့်တိုး ဘက်စုံနက်ရှိုင်းစွာ ဆောင်ရွက်ရေးနှင့် တရုတ် အသွင်ပုံစံ ခေတ်မီရေး တွန်းအားပေးခြင်း ကိစ္စရပ်များကို အလေးထား လေ့လာခြင်း ဖြစ်ကြောင်း၊ အစည်းအဝေးတွင် လက်ရှိ စီးပွားရေး အခြေအနေနှင့် စီးပွားရေး လုပ်ငန်းများကို အကဲဖြတ်သုံးသပ်လေ့လာပြီး “ယန်စီမြစ် မြစ်ဝကျွန်းပေါ် ဒေသ တစ်ပြေးညီ ဖြစ်စေရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ခြင်း ဆက်တိုက် နက်ရှိုင်းစွာ တွန်းအားပေးရေး ဆိုင်ရာ မူဝါဒနှင့် ဆောင်ရွက်ချက်များနှင့် ပတ်သက်သော အကြံပေးချက်”ကို စိစစ်ခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။