ဝမ်ယိသည် ပီရူးနိုင်ငံခြားရေးဝန်ကြီး González Olechea နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-04-30 14:25:59  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ ၂၉ ရက်နေ့က ဘေကျင်းတွင် ပီရူးနိုင်ငံခြားရေး ဝန်ကြီး González Olechea နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ဝမ်ယိက တရုတ်နိုင်ငံအနေနှင့် ပီရူးနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်တို့မှ ရရှိခဲ့သော အရေးကြီးသဘောတူညီမှုကို အကောင်အထည် ဖော်ဆောင် ပြီး၊ အစဉ်အလာချစ်ကြည်ရေးကို ရှေးရှုပြန့်ပွားစေကာ၊ တရုတ်-ပီရူး ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု အဆင့်သစ်သို့ ရောက်ရှိရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

González Olechea က ပီရူးနိုင်ငံအနေနှင့် လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးဆိုင်ရာ တရုတ်နိုင်ငံမှ အယူအဆအပေါ် ထောက်ခံကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ပီရူးနိုင်ငံက ခိုင်မာစွာ လိုက်နာကျင့်သုံးကြောင်း ပြောကြားခဲ့ပါသည်။