ကိုလံဘီယာမှ စစ်ရဟပ်ယာဉ်တစ်စင်း ပျက်ကျသောကြောင့် လူ ၉ဦးသေဆုံး

(GMT+08:00)2024-04-30 14:29:39  

ဧပြီလ ၂၉ရက်နေ့က ကိုလံဘီယာ အမျိုးသားတပ်မတော်မှ Mi-17 ရဟပ်ယာဉ်တစ်စင်း သည် Bolivarပြည်နယ်တောင်ဘက် Santa Rosaမြို့ ကျေးရွာအနီး ပျက်ကျခဲ့သောကြောင့် ရဟပ်ယာဉ်ပေါ်ပါ လူ ၉ဦးသေဆုံးခဲ့ကြောင်း ကိုလံဘီယာမီဒီယာများမှ ဧပြီလ ၂၉ရက်နေ့ထုတ်သတင်းအရ သိရပါသည်။

ယင်းရဟပ်ယာဉ်သည် ဆက်သွယ်ရေးပြတ်တောက်ပြီး အခြေစိုက်စခန်းသို့ ပြန်မလာနိုင်ခဲ့ကြောင်း ပဏာမအချက်အလက်များအရ သိရပါသည်။ ကယ်ဆယ်ရေးအဖွဲ့သည် အခင်းဖြစ်ပွားရာနေရာသို့ အမြန်ဆုံးသွားလျက်ရှိကြောင်းသိရ ပါသည်။