ဟန်ဂေရီတွင် “တရုတ် ပုံရိပ်ရာသီ” ပြသခြင်း လှုပ်ရှားမှု စတင်

(GMT+08:00)2024-04-30 10:24:52  

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က ဟန်ဂေရီ နိုင်ငံသို့ တရားဝင် ခရီးလှည့်လည် တော့မည့် အခါ သမယတွင် ဒေသ စံတော်ချိန် ယခုလ ၂၉ရက်နေ့က China Media Groupနှင့် ဟန်ဂေရီ ATV ရုပ်မြင်သံကြား ဌာနတို့ ပူးတွဲ ကျင်းပသော “တရုတ် ပုံရိပ်ရာသီ” ပြသခြင်း လှုပ်ရှားမှုကို ဘူဒါပက်စ်တ်မြို့တော်တွင် စတင် ကျင်းပခဲ့ပါသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုန်၊ ဟန်ဂေရီ ဝန်ကြီးချုပ်ဟောင်း Megyessy Peter၊ ဟန်ဂေရီ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ကုန်းထောင်း၊ ဟန်ဂေရီ ATV မီဒီယာ အုပ်စု ဥက္ကဋ္ဌ ကိုဗာချ် တိုမာရှ်တို့သည် ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှင့်ဟိုင်ရှုန်က မကြာခင် နှစ်များတွင် သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် Orban Viktorတို့ ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်မှာ တရုတ်-ဟန်ဂေရီ ဆက်ဆံမှုသည် အမြဲတမ်း အဆင့်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ပြီး Belt and Road အတူ တည်ဆောက်ရေးတွင် အောင်မြင်မှုများစွာ ရရှိကာ လူမှု ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှုများ ပြလုပ်၍ နိုင်ငံတကာနှင့် ဒေသတွင်း ရေးရာများ ပူးပေါင်းဆောင်ရွက်မှုကို ရင်းနှီးစွာ ပြုလုပ်ပြီး နိုင်ငံတကာ ဆက်ဆံမှု ပုံစံသစ် အတွက် ကောင်းမွန်သော စံနမူနာ စိုက်ထူခဲ့ကြောင်း ပြောကြားပါသည်။