တတိယအကြိမ် နိုင်ငံတကာ မီဒီယာ ဆန်းသစ်တီထွင်ရေးဖိုရမ်ကို ဘေကျင်း၌ ကျင်းပ

(GMT+08:00)2024-04-30 11:15:46  

 ဧပြီလ ၂၉ ရက်နေ့က China Media Group မှ ဦးစီးပြီး တတိယအကြိမ် နိုင်ငံတကာ မီဒီယာ ဆန်းသစ်တီထွင်ရေးဖိုရမ်ကို ဘေကျင်း၌ ကျင်းပခဲ့သည်။ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် "ဉာဏ်ရည်တုကို ကောင်းမွန်စွာ အသုံးပြုခြင်း၊ တာဝန်ဝတ္တရားများကို အတူ ထမ်းဆောင်ခြင်း - AI မီဒီယာ စီမံခန့်ခွဲခြင်း" ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အဓိက မီဒီယာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ တတ်သိပညာရှင်အဖွဲ့များ၊ နိုင်ငံဖြတ်ကျော် ကုမ္ပဏီများမှ ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်တို့သည် အွန်လိုင်းနှင့် အော့ဖ်လိုင်းဖြင့် ဖိုရမ်သို့ တက်ရောက်ခဲ့ကြပါသည်။

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက ဖိုရမ်၌ အမှာစကား ပြောကြားရာတွင် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်း ရည်မှန်းချက် အကြောင်းအရာ လမ်းညွှန်မှုဖြင့် China Media Group သည် တရုတ်ပြည်၌ ပထမဆုံးသော "တရုတ် ဒဏ္ဍာရီ" AI ဗီဒီယိုစီးရီးကို ပြုလုပ်ခဲ့ပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားနှင့် အရည်အသွေးသစ် မီဒီယာ ထုတ်လွှင့်စွမ်းအားအတွက် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ China Media Group သည် ကမ္ဘာ တစ်ဝှမ်းမှ မိတ်ဆွေများနှင့် အပြန်အလှန် လေ့လာသင်ယူကာ AI ၏ အလားအလာ ရေးရာများကို လက်တွဲ စူးစမ်းကာ လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အပြုသဘောဆောင်သော အင်အားများ ဆောင်ကြဉ်းပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   ဖိုရမ်၏ အရေးကြီး အောင်မြင်မှုရလဒ် တစ်ခု အနေဖြင့် ရှင့်ဟိုင်ရှုံနှင့် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ် အာရပ်နိုင်ငံများ အသံလွှင့် အဖွဲ့ချုပ်မှ အတွင်းရေးမှူးချုပ် အာဘ်ဒူရာဟစ်မ် စူမန်၊ အာဖရိကနိုင်ငံများ အသံလွှင့် အဖွဲ့ချုပ် ထိပ်တန်း အမှုဆောင် အရာရှိ ဂရေဂေါ်ရေ ဂျာကာ၊ လက်တင်အမေရိက သတင်းမီဒီယာ အဖွဲ့ချုပ် မန်နေဂျာချုပ် ဂျူအန် ကာလော်စ် အီစာစာ၊ အာရှနိုင်ငံများ အသံလွှင့် အဖွဲ့ချုပ် နည်းပညာ ဒါရိုက်တာချုပ် ဝေဆာ ပင်ဘိုင်တို့သည် AI စီမံခန့်ခွဲရေး မီဒီယာများ ဆောင်ရွက်မှု ကမ်းလှမ်းချက်စာတမ်းကို အတူထုတ်ပြန်ခဲ့ကြပါသည်။