အာရှ-ပစိဖိတ်ဒေသ၏ ၂၀၂၄ခုနှစ်စီးပွားရေးတိုးတက်မှုသည် ၄.၅ရာခိုင်နှုန်းရှိမည်ဟု IMF က ခန့်မှန်း

(GMT+08:00)2024-04-30 14:18:07  

  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)မှ  ဧပြီလအတွက် "အာရှ-ပစိဖိတ်ဒေသ စီးပွားရေးအလားအလာ" အစီရင်ခံစာကို စင်ကာပူနိုင်ငံတွင် ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာအရ ၂၀၂၄ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသ၏ စီးပွားရေး တိုးတက်မှုသည် ယခင်မျှော်မှန်းထားသည်ထက် ကျော်လွန်ပြီး ၄.၅ရာခိုင်နှုန်း ရှိလာနိုင်ကြောင်း၊  အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာ့စီးပွားရေး၏ အရှင်သန်ဆုံးဒေသအဖြစ် ဆက်လက်တည်ရှိနေပြီး အာရှ-ပစိဖိတ်ဒေသ စီးပွားရေးတိုးနှုန်းသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ ၆၀ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။