၂၀၂၄ Zhongguancun ဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ပြီးမြောက်

(GMT+08:00)2024-04-30 14:28:36  

ဧပြီလ ၂၉ရက်နေ့က ၅ရက်ကြာကျင်းပခဲ့သော ၂၀၂၄ Zhongguancun ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။ ယခုအကြိမ်ဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ကျင်းပစဉ်အတွင်း ရောင်းဝယ်ရေး၊ ထုတ်ပြန်ရေး ဆိုင်ရာ လှုပ်ရှားမှုများ ၁၂၈ကြိမ် ကျင်းပခဲ့ကြောင်း၊ နည်းပညာဆိုင်ရာ ရောင်းဝယ်မှုတွင် နိုင်ငံနှင့်ဒေသ ၄၀ကျော်မှ ဆန်းသစ်တီထွင်ရေးလုပ်ငန်း အစီအစဉ် ၆၀၀၀ကျော် ပါရှိကြောင်း၊ ပထမဆုံးအကြိမ်အဖြစ် ဖိုရမ် ၂၃ခုကိုတစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း၊ သုတေသနအစီရင်ခံစာများ၊ စံချိန်စံညွှန်းနှင့် သတ်မှတ်ချက်များ၊ အချက်အလက်များစသော အောင်ကျိုးရလဒ် ၁၀၀နီးပါးကို ထုတ်ပြန်ခဲ့ကြောင်း၊ လုပ်ငန်း အစီအစဉ်ပေါင်း ၃၀၉ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် တရုတ်ငွေယွမ် ၆၇.၃၁၇ဘီလီယံရှိကြောင်း ဖိုရမ်အစည်းအဝေး၏ အရေးကြီးအောင်ကျိုးရလဒ်များ သီးသန့်ထုတ်ပြန်ပွဲမှ သတင်းရရှိပါသည်။