ရှင်းကျိုးအမှတ်-၁၇လူပါအာကာသယာဉ်မှ ယာဉ်မှူးများသည် အာကာသ စခန်းကနေ ထွက်ခွာပြီး ကမ္ဘာမြေကြီး သို့ ပြန်လာ

(GMT+08:00)2024-04-30 14:27:53  

ပေကျင်း စံတော်ချိန် ဧပြီလ ၃၀ရက်နေ့ နံနက် ၈နာရီ ၄၃မိနစ် အချိန်တွင် ရှင်းကျိုးအမှတ်-၁၇ လူပါအာကာသယာဉ်သည် အာကာသစခန်းမှ ဆောင်မြင်စွာ ထွက်ခွာခဲ့ကြောင်း တရုတ် လူပါအာကာသလုပ်ငန်းရုံးမှ ထုတ်ပြန်သော သတင်း အရ သိရပါသည်။
    အာကာသ စခန်းမှ မထွက်ခွာမီ ရှင်းကျိုးအမှတ်-၁၇ လူပါအာကာသယာဉ်မှူးများသည် ရှင်းကျိုးအမှတ်-၁၈ လူပါအာကာသယာဉ်မှူးများအား သက်ဆိုင်ရာ လုပ်ငန်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ရှင်းကျိုးအမှတ်-၁၇ လူပါအာကာသယာဉ်မှူး Tang Hongbo၊  Tang Shengjieနှင့် Jiang Xinlinတို့သည် ကမ္ဘာမြေကြီးသို့ ပြန်လာခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။