China Media Groupသည် အကြီးစား တရုတ်-ပြင်သစ် စားကောင်းသောက်ဖွယ် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အစီအစဉ် “Pic de la gastronomie-တရုတ်-ပြင်သစ် စားဖိုမှူး ပြိုင်ပွဲ”ကို ထုတ်လွှင့်မည်

(GMT+08:00)2024-04-30 21:18:52  

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် ပြင်သစ်နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်တော့မည့် အခါသမယတွင် ဧပြီလ ၃၀ရက်နေ့က China Media Groupနှင့် တရုတ်နိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတို့ ပူးပေါင်း၍ အကြီးစား တရုတ်-ပြင်သစ် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အစီအစဉ် “Pic de la gastronomie--တရုတ်-ပြင်သစ် စားဖိုမှူးပြိုင်ပွဲ” အကြောင်းကို မိတ်ဆက်ခဲ့ပါသည် ။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiong၊  တရုတ်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Bertrand Lortholaryနှင့် တရုတ် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ ဗဟို ကော်မတီ ဒုဥက္ကဋ္ဌ၊ Art Museum of China ဥက္ကဋ္ဌ၊ ပြင်သစ် အနုပညာ အကယ်ဒမီ တော်ဝင်ပညာရှင် Wu Weishanတို့သည် အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားကြကာ ဧည့်သည်တော်များနှင့်အတူ အစီအစဉ်မိတ်ဆက်ခြင်းကို ဖွင့်လှစ်ပေးခဲ့ပါသည်။ China Media Group လက်အောက်ရှိ သက်ဆိုင်ရာဌာနများမှ အကြီးအကဲများနှင့် တရုတ်နိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ သတင်းရေးရာ သံမှူးစသည့် ပုဂ္ဂိုလ်များလည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

“Pic de la gastronomie--တရုတ်-ပြင်သစ် စားဖိုမှူးပြိုင်ပွဲ” အစီအစဉ်တွင်  အပိုင်း ဆယ်ပိုင်းရှိပြီး အပိုင်းတစ်ခု မိနစ် ၆၀ကြာမြင့်ကာ အဆိုပါအစီအစဉ်ကို ဇူလိုင်လတွင် China Media Group လက်အောက်ရှိ CCTV ချန်နယ်များနှင့် မီဒီယာ ပလက်ဖောင်းသစ် များတွင် ထုတ်လွှင့်မည်ဖြစ်သည်။ ထို့အပြင် ပြင်သစ်  မီဒီယာများတွင်လည်း  အွန်လိုင်းမှ ထုတ်လွှင့်မည်ဖြစ်ပါသည်။