အမေရိကန်နိုင်ငံ North Carolina ပြည်နယ် ဥပဒေအရာရှိများ သေနတ်ပစ်ခတ်ခံရ

(GMT+08:00)2024-04-30 14:13:42  

အမေရိကန်နိုင်ငံ North Carolina ပြည်နယ် Charlotte-Mecklenburg ရဲဌာနသည် ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်း လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်ရာတွင် တရားဥပဒေစိုးမိုးရေးဝန်ထမ်းများသည် Charlotte မြို့ အရှေ့မြောက်ဘက်ဒေသရှိ လူနေရပ်ကွက်တွင် ပစ်သတ်ခံရခဲ့ပြီး အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဖော်ပြပါသည်။

မီဒီယာများမှ ထုတ်ပြန်သည့်သတင်းအရ ဒေသခံဥပဒေအရာရှိများက ရှာဖွေဝရမ်းဆောင်ရွက်နေစဉ် သေနတ်ပစ်ခတ်မှု မိနစ်အတော်ကြာ ဖြစ်ပွားခဲ့ပြီး ဥပဒေအရာရှိ လေးဦးကို ထိမှန်ခဲ့ကြောင်း သိရပါသည်။