ယခုနှစ်ပထမ၃လပတ်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေး စုစုပေါင်းပမာဏသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၅.၉ရာခိုင်နှုန်းတိုးလာပြီး ကောင်းမွန်သောအစကို ရရှိ

(GMT+08:00)2024-04-29 16:21:58  

ယခုလ ၂၉ရက်နေ့က တရုတ် ကုန်စည်ပို့ဆောင်ရေးနှင့် ဝယ်ယူရေးအသင်းမှ အချက်အလက်အရ ယခုနှစ် ပထမ၃လပတ်တွင် ကုန်စည်ပို့ဆောင်ရေးလည်ပတ်မှု အခြေအနေသည် ယေဘုယျအားဖြင့် ပြန်လည်ကောင်းမွန်လာပြီး  ကုန်စည်သယ်ယူ ပို့ဆောင်ရေး စုစုပေါင်း ပမာဏသည် တည်ငြိမ်စွာတိုး လာကြောင်း၊ ကုန်စည်ပို့ဆောင်ရေး လိုအပ်ချက်များ ကောင်းမွန်လာပြီး ပိုမိုတည်ငြိမ်စွာလည် ပတ်ကြောင်း၊ ပထမသုံးလပတ် တွင် တစ်နိုင်ငံလုံး ကုန်စည်သယ်ယူပို့ဆောင်ရေး စုစုပေါင်း ပမာဏသည် တရုတ်ယွမ် ဘီလီယံ၈၈၀၀၀ဖြစ်ပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၅.၉ရာခိုင်နှုန်းတိုးလာ ကြောင်း သတင်းအရ သိရပါသည်။