အာကာသတွင် သော့လွှဲပြောင်းပေးအပ်ပွဲ အောင်မြင်စွာ ကျင်းပ

(GMT+08:00)2024-04-29 16:06:59  

ဧပြီလ ၂၈ရက်နေ့က ရှင်းကျိုးအမှတ်-၁၇လူပါအာကာသယာဉ်နှင့် ရှင်းကျိုးအမှတ်-၁၈ လူပါအာကာသယာဉ်မှ အာကာသယာဉ်မှူးများသည် ပတ်လမ်းကြောင်းတွင် လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ တရုတ်အာကာသစခန်း၏ သော့ကို အောင်မြင်စွာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်လူပါအာကာသလုပ်ငန်းရုံးမှ ထုတ်ပြန်သော သတင်း အရ သိရပါသည်။

    ယခုအထိ ရှင်းကျိုးအမှတ်-၁၇လူပါအာကာသယာဉ်မှ အာကာသယာဉ်မှူးများ၏ တာဝန်အားလုံး ပြီးမြောက်ခဲ့ပြီ ဖြစ်ပြီး ဧပြီလ ၃၀ရက်နေ့တွင် ရှင်းကျိုးအမှတ်-၁၇ လူပါအာကာသယာဉ်ဖြင့် တုန်ဖုန်း ဆင်းသက်ရာနေရာသို့ ပြန်လည်ရောက်ရှိမည် ဖြစ် ကြောင်း၊ တုန်ဖုန်း ဆင်းသက်ရာနေရာနှင့် သက်ဆိုင်ရာစမ်းသပ်မှုစနစ်များသည် အာကာသ ယာဉ်မှူးများကို အိမ်ပြန်ကြိုဆိုရန်အတွက် ပြင်ဆင်နေကြကြောင်း သတင်းအရ သိရ ပါသည်။