တရုတ်လုပ်ငန်းကုမ္ပဏီသည် ကမ္ဘာ့ အကြီးဆုံးသော LNG သင်္ဘောတည်ဆောက်ရန် အမှာစာ ရရှိ

(GMT+08:00)2024-04-29 16:22:35  

China State Shipbuilding Corporation Limited နှင့် Qatar Energy တို့သည် ကမ္ဘာ့အကြီးဆုံးသော သဘာဝဓာတ်ငွေ့ရည် (LNG) ကုဗမီတာ ၂သိန်း၇သောင်း၁ထောင် သယ်ဆောင်နိုင်သည့် သင်္ဘောတည်ဆောက်ရေးစီမံကိန်း လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဧပြီလ ၂၉ရက်နေ့တွင် ဘေကျင်းမြို့၌ ကျင်းပခဲ့ပါသည်။ LNG သင်္ဘောသည် ကမ္ဘာပေါ်၌ တည်ဆောက်ရန်အခက်ခဲဆုံးသော သင်္ဘောအမျိုးအစားများထဲမှ တစ်မျိုးအဖြစ် အသိအမှတ်ပြုခံရပါသည်။ LNG သင်္ဘောသည် စုစုပေါင်းအရှည် ၃၃၄မီတာရှိပြီး အကျယ် ၅၃.၆မီတာရှိကာ အနက် ၂၇.၇မီတာရှိပါသည်။

    Qatar Energy သည် အကြီးစား LNG သင်္ဘော အစင်း၁၀၀ကျော် တည်ဆောက်ရန် ၂၀၂၀ပြည့်နှစ်က ကြေညာခဲ့ပါသည်။ ယခုအကြိမ် China State Shipbuilding Corporation Limited သည် LNG သင်္ဘော ၁၈စင်း တည်ဆောက်ရန် အမှာစာကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။