ရုရှားတပ်မတော်မှ သိမ်းဆည်းခဲ့သည့် အနောက်တိုင်းနိုင်ငံများက ယူကရိန်းအား ထောက်ပံ့ပေးသော စစ်ရေးပစ္စည်းများကို မေလ ၁ရက်နေ့တွင် ပြသမည်

(GMT+08:00)2024-04-29 16:04:44  

ဧပြီလ ၂၇ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့ Poklonnaya တောင်၌ ရုရှားအထူးစစ်ရေး လုပ်ဆောင်မှုဇုန်မှာ သိမ်းဆည်းရမိသည့် စစ်ရေးပစ္စည်းများကို ပြသမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားပါသည်။

ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၄ရက်နေ့ထုတ်သတင်းအရ မေလပိုင်းတွင် မော်စကိုမြို့၌ ယူကရိန်း အပေါ် အထူး စစ်ရေး လုပ်ဆောင်မှုတွင် ရုရှားတပ်မတော်မှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ပစ္စည်းများကို ပြသမည်ဖြစ်ကြောင်း၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ် စသောနိုင်ငံများမှ ယူကရိန်းအား ထောက်ပံ့သော လက်နက်ပစ္စည်းများ ပါရှိကြောင်း သိရပါသည်။