"ရှီကျင့်ဖိန်က Belt and Road အကြောင်း ပြောဆိုခြင်း" (၂၀၂၃ ခုနှစ်) အင်္ဂလိပ်ဗားရှင်း စာအုပ် ဖြန့်ချိထုတ်ဝေ

(GMT+08:00)2024-04-29 16:07:35  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့် မော်ကွန်းဝင်စာတမ်းများ သုတေသနဌာနမှ ဘာသာပြန်ထားသည့် "ရှီကျင့်ဖိန်က Belt and Road အကြောင်း ပြောဆိုခြင်း" (၂၀၂၃ ခုနှစ်) အင်္ဂလိပ်ဗားရှင်း စာအုပ်ကို မကြာမီက ဖြန့်ချိ ထုတ်ဝေခဲ့ပါသည်။

စာအုပ်ထဲတွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ ရှီကျင့်ဖိန်၏ Belt and Road အတူတည်ဆောက်ရေးဆိုင်ရာ အရေးကြီးသည့် ဆောင်းပါး ၇၈ ပုဒ် ပါဝင်ပြီး Belt and Road တည်ဆောက်ရေးဆိုင်ရာ ရှီကျင့်ဖိန်၏ လမ်းညွှန်ချက် မူများ၊ ရည်မှန်းချက် အကြောင်းအရာများကို ဖော်ပြကာ Belt and Road ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် Belt and Road အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို နက်ရှိုင်းစေရေးအတွက် အရေးကြီးသည့် အဓိပ္ပာယ် ပါရှိကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။