CGTN ပြည်သူ့သဘောထားစစ်တမ်း - ပိုလျှံကျန်နေသည်မှာ တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုစွမ်းရည်မဟုတ်ဘဲ “အမေရိကန်စတိုင် ကိုယ့်ကျိုးစီးပွားကာကွယ်ရေးဝါဒ” ဖြစ်

(GMT+08:00)2024-04-28 16:16:14  

တရုတ်နိုင်ငံသည် “ကုန်ထုတ်လုပ်မှုစွမ်းရည် ပိုလျှံသည်” ဟူသော အမေရိကန်၏ အပြစ်တင်မှုမှာ နိုင်ငံတကာတွင် အကြိတ်အနယ်ဆွေးနွေးမှုဖြစ်လာသည်။ China Media Group CGTN က တစ်ကမ္ဘာလုံးမှ အွန်လိုင်းအသုံးပြုသူများအပေါ် စစ်တမ်းကောက်ယူချက် အရ ဖြေကြားသူပေါင်း ၉၁.၄၉% သည် အမေရိကန်၏ပြစ်တင်မှုမှာ လုံးဝမခိုင်လုံကြောင်း၊ ပိုလျှံနေသည်မှာ တရုတ်နိုင်ငံ၏ကုန်ထုတ်လုပ်မှုစွမ်းရည်မဟုတ်ဘဲ အမေရိကန်၏ အမြစ်တွယ်နေသော “ကိုယ့်ကျိုးစီးပွားကာကွယ်ရေးဝါဒ” ဖြစ်ကြောင်း ယူဆသည်။ CGTN အွန်လိုင်းအသုံးပြုသူက “အမေရိကန်၏ အသိသာဆုံး ထူးခြားချက်မှာ အားလုံးမိမိအကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းဖြစ်သည်” ဟုပင် တိုက်ရိုက်ဆိုလာသည်။

ယှဉ်ပြိုင်မှုအားသာချက်ရှိချိန်တွင် လွတ်လပ်စွာကုန်သွယ်ရေးကို အလေးထားပြောကြားပြီး ယှဉ်ပြိုင်မှုအားသာချက်မရှိချိန်တွင် သူတစ်ပါးနိုင်ငံ၏ ကုန်ထုတ်လုပ်မှုစွမ်းရည် ပိုလျှံသည်ဟု အပြစ်တင်လာသည်။ အမေရိကန်၏ “စံနှုန်းနှစ်မျိုး” လုပ်ဆောင်ချက်သည် နိုင်ငံတကာအသိုင်းအဝိုင်းက ယုံကြည်လာအောင် မလုပ်ဆောင်နိုင်ပေ။ စစ်တမ်းကောက်ယူချက်အရ တစ်ကမ္ဘာလုံးမှ ဖြေကြားသူပေါင်း ၉၄.၆၆% က ယင်းအပေါ် လွန်စွာမုန်းတီးကြပြီး အမေရိကန်၏ပြောဆိုချက်နှင့်လုပ်ရပ်သည် လုံးဝကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒလုပ်ပုံပင်ဖြစ်သည်ဟု ဝေဖန်ကြသည်။ CGTN အွန်လိုင်းအသုံးပြုသူက ယင်းအပေါ်စိတ်ပျက်ကြပြီး “အမေရိကန်သည် အမြဲ အပြောတစ်မျိုးအလုပ်တစ်မျိုးဖြင့် ‘စံနှုန်းနှစ်မျိုး’ လုပ်သည့်ကိစ္စကို တစ်လောကလုံးက သိပြီးဖြစ်သည်” ဟုဆိုသည်။

အမေရိကန် ငွေကြေးဖောင်းပွမှုလျှော့ချရေးဥပဒေမူကြမ်းတွင် စားသုံးသူက သန့်ရှင်း စွမ်းအင်သုံးကားများဝယ်ယူခြင်းအတွက် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၃၇၅၀ ရရှိနိုင်သည်ဟု ဖော်ပြထားသည်။ ယင်းအတွက် တစ်ကမ္ဘာလုံးမှ ဖြေကြားသူပေါင်း ၅၆.၈၃% က အမေရိကန်သည် သူတစ်ပါးနိုင်ငံ၏ စွမ်းအင်သစ်လုပ်ငန်း ထောက်ပံ့ကြေးပေးခြင်းအပေါ် ပြစ်တင်မှုသည် လုံးဝသဘောတရားမကျဘဲ အမေရိကန်ကိုယ်တိုင်ကပင် ထောက်ပံ့ကြေးဖြင့် “အစိမ်းရောင်ကာကွယ်ရေးဝါဒ” ကို အင်တိုက်အားတိုက် လုပ်ဆောင်နေသည်ဟုဆိုသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အမေရိကန်သည် ရေအားလျှပ်စစ်၊ လေအားစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်စသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏသည် စုစုပေါင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏ၏ ၂၀% ရှိသည်။ ၂၀၂၀ ပြည့်နှစ်အထိ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ လေအားစွမ်းအင်နှင့် လျှပ်စစ်ကားစသည့် အသစ်တိုး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်ပမာဏ၏ ၆၀%ကို အကျိုးထမ်းဆောင်ပေးခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ဖြေကြားသူပေါင်း ၈၈.၃၃%က အစိမ်းရောင် ကာဗွန်စွန့်ထုတ်မှု လျှော့ချရေးအတွက် တရုတ်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြုပြီး ဖြေကြားသူပေါင်း ၉၂.၀၂% က အမေရိကန်သည် တရုတ်နိုင်ငံကိုအတုယူ၍ အစိမ်းရောင်လုပ်ငန်း ကာဗွန်စွန့်ထုတ်မှုလျှော့ချရေး လုပ်ဆောင်မှုကို တိုးမြှင့်သင့်သည်ဟု ယူဆသည်။ CGTN အွန်လိုင်းအသုံးပြုသူက “စွမ်းအင်ဆန်းသစ် တီထွင်မှုအပိုင်းတွင် တရုတ်နိုင်ငံ ရရှိခဲ့သော တိုးတက်မှုသည် လေးစားဖွယ်ထိုက်ပြီး အထူးသဖြင့် နေရောင်ခြည်စွမ်းအင် စသည့် သန့်ရှင်းစွမ်းအင်များ အသုံးပြုမှုသည် ညစ်ညမ်းမှုကို ထိရောက်စွာလျှော့ချနိုင်သည်” ဟုဆိုသည်။