အမေရိကန်တွင် ကုန်တင်ရထား လမ်းချော်မှုထပ်မံဖြစ်ပွား

(GMT+08:00)2024-04-28 14:48:51  

ဒေသစံတော်ချိန် ဧပြီလ ၂၆ ရက်နေ့နေ့လယ်တွင် အမေရိကန် အရီဇိုးနားပြည်နယ်နှင့် နယူးမက္ကဆီကိုပြည်နယ်၏ နယ်စပ်အနီး၌ Propaneနှင့် ဓာတ်ဆီများ တင်ဆောင်လာသော ကုန်တင်ရထား တစ်စင်း လမ်းချော်သွားပြီး မီးလောင်ခဲ့၍ အနီးနားရှိ အဝေးပြေး လမ်းမကြီးကို ပိတ်ထားခဲ့ရပါသည်။ လက်ရှိအချိန်အထိ လူသေကျေဒဏ်ရာရရှိမှုသတင်း မရှိသေးကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်များအတွင်း အမေရိကန်နိုင်ငံတွင် ရထားလမ်းချော်မှု မကြာခဏဖြစ်ပွားခဲ့ပြီး မီးရထားစနစ်၏ ဘေးကင်းရေးပြဿနာများကို ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှုနှင့် ဝေဖန်မှုများ ရှိခဲ့ပါသည်။