“အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု” ဆူရာနမ်နိုင်ငံသမ္မတ Chan Santokhi

(GMT+08:00)2024-04-28 16:17:01  

ဆူရာနမ်နိုင်ငံသမ္မတ Chan Santokhi သည် တရုတ်နိုင်ငံသို့ခရီးစဉ်သွားရောက်စဉ်အတွင်း “အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု” သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့သည်။ တရုတ်-ဆူရာနမ်နှစ်နိုင်ငံသည် နှစ်ပေါင်း ၁၇၀ ကြာ အရပ်ဘက်ကူးလူးဆက်သွယ်သည့်သမိုင်းနှင့် ၄၈ နှစ်ကြာသံတမန်ဆက်ဆံရေးရှိသည်။ ယခုနှစ်တွင် ပထမဆုံးတရုတ်နိုင်ငံသို့ လာရောက်သည့် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသနိုင်ငံခေါင်းဆောင်အနေဖြင့် Chan Santokhi က တရုတ်-ဆူရာနမ်နှစ်နိုင်ငံကြားတွင် ခွဲခြား၍မရသော သမိုင်းနွယ်ကြိုးရှိသည်ဟုဆိုသည်။ ဆူရာနမ် နိုင်ငံသည် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ကို တရားဝင်အားလပ်ရက်အဖြစ် သတ်မှတ်ထားပါသည်။ Chan Santokhiသည် ဒေသခံတရုတ်နွယ်ဖွားများနှင့်အတူ တရုတ် လမုန့်ပွဲတော် ဆင်နွှဲခဲ့ကြပါသည်။ ၄င်းသည် ဆူရာနမ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တရုတ်နွယ်ဖွားများ၏ ကြီးမားသောအကျိုးထမ်းဆောင်မှုကို အကြိမ်များစွာ အသိအမှတ်ပြုခဲ့ပါသည်။ “Belt and Road” အဆိုပြုချက်ကို လှိုက်လှဲစွာ အသိအမှတ်ပြုပြီး Chan Santokhi က တရုတ်နိုင်ငံသည် ဦးဆောင်သည့် အခန်းကဏ္ဍမှပါဝင်ကာ တစ်ကမ္ဘာလုံး စည်ပင်ဝပြောမှု အကောင်အထည် ဖော်ဆောင်ရေး အတွက် ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်အသစ် ထောက်ပံ့ပေးလိုက်သည်ဟု ချီးကျူးလိုက်ပါသည်။