ဝမ်ယိသည် ပြင်သစ်သမ္မတ၏ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ် ဘွန်နက် နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2024-04-28 14:49:21  

    ဧပြီလ ၂၇ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ချိန်းထားသည့်အတိုင်း ပြင်သစ်သမ္မတ၏ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ် ဘွန်နက် နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

ဝမ်ယိက တရုတ်ပြည်အနေနှင့် ပြင်သစ်နိုင်ငံနှင့် အဆင့်မြင့် ကူးလူးဖလှယ်မှုကို အားလစ်လောင်း ပေးပြီး တရုတ်-ပြင်သစ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို အနှစ်သာရသစ် သွင်းပေးကာ နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်သစ်သို့ မြှင့်တင်သွားရန် နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရာတွင် နိုင်ငံကြီးနှစ်နိုင်ငံ ဖြစ်သည့်အနေနှင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံအပေါ် လက်တွေ့ကျပြီး အပြုသဘောဆောင်သော မူဝါဒကို ဆက်လက် ကျင့်သုံးနိုင်အောင် ဥရောပသမဂ္ဂကို ပြင်သစ်နိုင်ငံက တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

ဘွန်နက်က နှစ်နိုင်ငံတို့အနေနှင့် hot-spot ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်ပြီး ရာသီဥတု ပြောင်းလဲမှု အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို  အတူရင်ဆိုင်ကာ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကွာဟမှုများကို ကျဉ်းမြောင်း စေရန်နှင့်  အုပ်စုများ အကြား ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်းရှားရန်အတွက် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပြီး ပြင်သစ်-တရုတ်ဆက်ဆံမှု၊ ဥရောပသမဂ္ဂ- တရုတ်ဆက်ဆံမှု တစ်ဆင့်တိုး ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသင့်ကြောင်း ပြောကြားပါသည်။