ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား၌ သဘာဝ ရာဘာပင်မှ ကော်စေးစတင်ခြစ်

(GMT+08:00)2024-04-28 14:56:34  

နွေဦးနှောင်းပိုင်းတွင် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသခွဲ မြို့နှင့်ခရိုင်များ၌ သဘာဝရာဘာပင်မှ ကော်စေးခြစ်ခြင်းစတင်လာပါသည်။ ကွင်းအတွင်းရှိ ဝန်ထမ်းများနှင့် လယ်သမားများသည် လတ်ဆတ်သော အစေးခြစ်ရန် အလုပ်များနေကြပါသည်။ ရှစ်ဆောင်ပဏ္ဏားသည် တရုတ်နိုင်ငံ၏ အဓိက သဘာဝရာဘာ ထွက်ရှိသောဒေသတစ်ခုဖြစ်ပြီး ၂၀၂၃ခုနှစ်က ရာဘာလုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ အထွေထွေ ထုတ်လုပ်မှု တန်ဖိုးသည် တရုတ်ငွေယွမ် ၁၉ဘီလီယံရှိခဲ့ပါသည်။