ဝမ်ယိသည် Al Jazeera Media Network၏ အင်တာဗျူးကို စာဖြင့် လက်ခံ

(GMT+08:00)2024-04-28 14:52:48  

မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် Al Jazeera Media Network၏ စာဖြင့် အင်တာဗျူးကို  လက်ခံခဲ့ပါသည်။

ထိုင်ဝမ်ရေလက်ကြားအခြေအနေနှင့်ပတ်သက်၍ ဝမ်ယိက လက်ရှိ ထိုင်ဝမ်ရေလက်ကြားအခြေအနေ ယေဘုယျအားဖြင့် တည်ငြိမ်သော်လည်း ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ၎င်းအနက် အကြီးမားဆုံးစိန်ခေါ်မှုသည် “ထိုင်ဝမ် သီးခြားတည်ရှိရေး”အင်အားစု၏ ခွဲထွက်ရေးလှုပ်ရှားမှုနှင့် ပြင်ပအင်အားစု၏ ဝင်ရောက်စွက်ဖက်မှုနှင့် ဖြိုခွင်းမှုများဖြစ်ကြောင်း၊ တရုတ်ပြည်သူများမှ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန် ခိုင်မာသော သန္နိဋ္ဌာန်၊ ပြတ်သားသောဆန္ဒ နှင့် ကြီးမားသောစွမ်းရည်ကို မည်သူမျှ လျှော့မတွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။