Wang Huning သည် တရုတ်ကိုမင်တန်ပါတီ ပြည်သူ့ဆန္ဒကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2024-04-28 14:44:55  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ Wang Huning သည် ယခုလ ၂၇ ရက်နေ့က ဘေကျင်းတွင် Fu Kunqi ဦးဆောင်သော တရုတ် ကိုမင်တန်ပါတီ ပြည်သူ့ဆန္ဒကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ Wang Huning က ကျွန်တော် တို့သည် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်းပါ  အနှစ်သာရများကို လေးနက်စွာ အကောင်အထည်ဖော်ဆောင်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒနှင့် ၁၉၉၂ ခုနှစ် သဘောတူညီချက်ကို စွဲကိုင်၍ ထိုင်ဝမ်သီးခြားတည်ရှိရေးခွဲထွက်မှု လုပ်ရပ်များနှင့် ပြင်ပအင်အားမှ ဝင်ရောက်စွက်ဖက်မှုကို ပြတ်ပြတ်သားသားဆန့်ကျင်ကာ ရေလက်ကြား နှစ်ဖက်ကမ်း ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်တိုက် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။