အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြင့်စွာထိန်းသိမ်းထားရန်၊ အမျိုးသားဂေဟစနစ်လုံခြုံရေးအကာအကွယ်ကို ခိုင်မာစွာတည်ဆောက်ရန် အနောက်ပိုင်းဒေသများအား ရှီကျင့်ဖိန် ဆော်ဩ

(GMT+08:00)2024-04-28 09:36:25  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် မကြာသေးမီက တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံချင့်မြို့သို့ ကွင်းဆင်းလေ့လာစဉ်အတွင်း ခေတ်ကာလသစ် အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့သည်။ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြင့်စွာထိန်းသိမ်းထားရန်၊ အမျိုးသားဂေဟစနစ်လုံခြုံရေး အကာအကွယ်ကို ခိုင်မာစွာတည်ဆောက်ရန် အနောက်ပိုင်းဒေသများအား ၎င်းက အလေးပေးပြောကြားခဲ့သည်။

အနောက်ပိုင်းဒေသသည် တရုတ်နိုင်ငံ ကုန်းမြေဧရိယာ၏ ၇၂% ရှိပြီး ယန်ဇီမြစ်၊ မြစ်ဝါမြစ်၊ လန်ချန်းမြစ် စသည့် မြစ်ချောင်းကြီးများ မြစ်ဖျားခံရာဒေသဖြစ်ကာ ရေခဲတောင်၊ ဆီးနှင်းတောင်၊ အင်းအိုင်၊ မြက်ခင်းပြင် စသည့် သဘာဝအရင်းအမြစ်များ တည်ရှိရာနေရာလည်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်မှစ၍ ရှီကျင့်ဖိန်သည် အနောက်ပိုင်းဒေသသို့ ရှေ့ဆင့်နောက်ဆင့် အကြိမ် ၃၀ ကျော် ကွင်းဆင်းလေ့လာခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကို အမြဲတမ်း အာရုံစူးစိုက်ခဲ့ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေသင့်ကြောင်း၊ ဂေဟစနစ်ထိန်းသိမ်းရေးကို လက်ကိုင်စွဲထားရမည်ဖြစ်ကြောင်း၊ အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပိုမိုအလေးထားရမည်ဖြစ်ကြောင်း အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သည်။