Blinken၏ တရုတ် ခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောကြားချက်

(GMT+08:00)2024-04-27 12:46:12  

ယခုလ ၂၆ရက်နေ့ညက တရုတ် နိုင်ငံခြား‌ရေး ဝန်ကြီးဌာန မြောက်အမေရိကတိုက်နှင့် အိုရှင်းနီးယားတိုက်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ယန်ထောင်းသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken၏ တရုတ် နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါသည်။ ယန်ထောင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken၏ တရုတ် နိုင်ငံ ခရီးစဉ်သည် တရုတ်နှင့် အမေရိကန်တို့က ယမန်နှစ် San Francisco တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီချက်များ ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ခြင်း၊ ဆွေးနွေးခြင်းကို ထိန်းသိမ်းထားခြင်း၊ သဘောကွဲလွဲမှုများကို စီမံထိန်းချုပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းနှင့် နိုင်ငံ တကာ ရေးရာများတွင် ညှိနှိုင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ခြင်းများ၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ၂၆ရက်နေ့ ညနေပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်သည် Blinkenနှင့် တွေ့ဆုံ နှုတ်ဆက်ပြီး တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် ပတ်သက်၍ သဘောထား ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြကာ လမ်းညွှန်ချက်များကို ဖော်ပြခဲ့ပါသည်။