ဂျာမဏီဘက်မှ အကြောင်းမဲ့သက်သက် ပြစ်တင်ရှုတ်ချချက်နှင့် ပတ်သက်၍ တရုတ်ဘက် သည် ဂျာမဏီဘက်အား တည်ကြည်လေးနက်စွာ အရေးဆို ကန့်ကွက်ကြောင်း ဖော်ပြသည် ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-04-27 12:46:40  

    ယခုလ ၂၆ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ပုံမှန် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာတွင် သတင်းထောက်မှ “တရုတ်သူလျှိုအမှု” ဆိုသည်နှင့် ပတ်သက်၍ မေးမြန်းခဲ့ပါသည်။ ယင်းနှင့် ပတ်သက်၍ ဝမ်ဝင်ပင်က “တရုတ် သူလျှိုအမှု”ဆိုသည်မှာ မရှိကို အရှိဖြစ်အောင် လုပ်ခြင်းပင် ဖြစ်ကြောင်း၊ တရုတ်ဘက်သည် ဂျာမဏီဘက်မှ အကြောင်းမဲ့ သက်သက် ပြစ်တင်ရှုတ်ချချက်နှင့် ပတ်သက်၍ ဂျာမဏီ ဘက်အား တည်ကြည်လေးနက်စွာ အရေးဆို ကန့်ကွက်ကြောင်း၊ တရုတ်ဘက်သည် တရုတ်ဘက် အပေါ် သရုပ်ပျက်အောင် ပုတ်ခတ်ပြောဆိုခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ဂျာမဏီဘက်အား တရုတ်ပြည် ဆန့်ကျင်ရေး ကြံဖန်လီဆယ်မှုကို ရပ်စဲပြီး နှစ်ဖက် ဆက်ဆံမှု တည်ငြိမ်ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ထိန်းသိမ်း ကာကွယ်ရန် တောင်းဆိုကြောင်း အလေးထား ပြောကြားခဲ့ပါသည်။