ပို့ဆောင်သည့်ခရီးသည်ဦးရေသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် 21.9% တိုးလာ ပြီး၊ တရုတ်-လာအို ရထားလမ်းတွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှု ၂ ခုစလုံး တိုးပွားလာ

(GMT+08:00)2024-04-27 12:48:35  

ယခုနှစ် နှစ်ဦးပိုင်းကစပြီး တရုတ်-လာအိုရထားများသည် ကုန်စည်ပို့ဆောင်ရေး နယ်ပယ်တွင် လူများမှ အာရုံစိုက်ကြသော အောင်မြင်မှုများကို ရရှိခဲ့ပြီး ရှင်သန်စွာ ဖွံ့ဖြိုး နိုင်သည့် အရှိန်ကို ပြသလျက်ရှိပါသည်။ ကောက်ယူထားသည့် စာရင်းအရ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၅ ရက်နေ့အထိ တရုတ်-လာအို မီးရထားများသည် ခရီးသည် ၇.၁၆ သန်းကျော်ကို ပို့ဆောင်ပြီး ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် 21.9% တိုးလာကြောင်း၊ ထို့အပြင် ကုန်စည်ပို့ဆောင်ရေး ပမာဏသည် တန်ချိန် ၆.၂၆သန်း ကျော်လွန်ပြီး ယမန်နှစ်အလားတူအချိန်ပိုင်းက ထက် 13.9% တိုးလာခဲ့ကြောင်း သတင်း အရသိရပါသည်။