အမျိုးသား (ဟန်ကျူး) ဗီဒီယိုတို ထုတ်လုပ်ရေး အခြေခံ စခန်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ပြီး အရည်အသွေး မြင့်မားသော ဆန်းသစ်တီထွင်မှု အစီအစဉ်များ ထုတ်ပြန်

(GMT+08:00)2024-04-27 12:47:33  

ဧပြီလ ၂၆ ရက်နေ့က China Media Group နှင့် ကျဲ့ကျန်းပြည်နယ် အစိုးရတို့ ပူးပေါင်း တည်ထောင်သော အမျိုးသား (ဟန်ကျူး) ဗီဒီယိုတို ထုတ်လုပ်ရေး အခြေခံ စခန်း၏ ဆိုင်းဘုတ် တင်ပွဲ အခမ်းအနားကို ပြုလုပ်ပြီး အရည်အသွေး မြင့်မားသော ဆန်းသစ်တီထွင်မှု အစီအစဉ်များကိုလည်း တစ်ပါတည်း ထုတ်ပြန်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiongသည် အဆိုပါ လှုပ်ရှားမှုသို့ တက်ရောက်ပြီး  အခြေခံစခန်း ဆိုင်းဘုတ်ကို တင်ပေးခဲ့သည်။