တရုတ်၊အမေရိကန်တို့သည် သဘောတူညီချက် ၅ ချက် ရရှိ

(GMT+08:00)2024-04-27 12:44:50  

ဧပြီလ ၂၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဘေကျင်းတွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဖက်တို့သည် ဘက်စုံအမြင်ချင်း ဖလှယ်သည့် အခြေခံပေါ်တွင် သဘောတူညီချက် ၅ ချက်ကို ရရှိခဲ့ကြပါသည်။

ပထမတစ်ချက်က နှစ်နိုင်ငံခေါင်းဆောင်တို့မှ လမ်းညွှန်မှုအတိုင်း တရုတ်- အမေရိကန် ဆက်ဆံမှု တည်ငြိမ်စေရန်နှင့် ဖွံ့ဖြိုးစေရန် ဆက်လက်ကြိုးပမ်းဖို့ နှစ်ဦးနှစ်ဖက်တို့မှ သဘောတူကြခြင်း၊ ဒုတိယ တစ်ချက်က အဆင့်မြင့် ဖလှယ်မှုနှင့် အဆင့်ဆင့်မှ ဆက်သွယ်မှုများကို ဆက်လက်ထားရှိရန် နှစ်ဦးနှစ်ဖက်တို့မှ သဘောတူကြခြင်း၊ တတိယ တစ်ချက်က တရုတ်-အမေရိကန် ဆက်ဆံမှု လမ်းညွှန်ရေး အခြေခံမူ ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက် တွန်းအားပေးခြင်း၊ စတုတ္ထတစ်ချက်က နှစ်ဦးနှစ်ဖက်တို့သည် လုပ်ဆောင်ချက်မျာဖြင့် နှစ်နိုင်ငံ အကြား ယဉ်ကျေးမှု ဖလှယ်ရေးကို တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ခြင်း၊ ပဉ္စမတစ်ချက်ကတော့ နှစ်ဦးနှစ်ဖက်တို့သည် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့် ပတ်သက်၍  ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက် ထိန်းထားခြင်း တို့ဖြစ်သည်ဟု သတင်းအရသိရပါသည်။