ဝမ်ယိသည် ဘလင်ကန်နှင့် တွေ့ဆုံရာ တရုတ်-အမေရိကန် ဆက်ဆံမှုတွင် တရုတ်ဘက်သည် “အစဉ်တစိုက်” ၃ ရပ်ရှိဟု ပြောကြား

(GMT+08:00)2024-04-26 13:31:17  

ဧပြီလ ၂၆ ရက်နေ့တွင် ဘေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင် ကန်နှင့် တွေ့ဆုံခဲ့ရာ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်လာပြီး နယ်ပယ်အသီးသီးမှ ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြုသဘောဆောင်သော အချက်များ တိုးများလာကာ နှစ်နိုင်ငံ ပြည်သူ များနှင့် နိုင်ငံတကာမိသားစုကြီးက ၎င်းကို ကြိုဆိုကြကြောင်း၊ သို့သော် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အပျက်သဘောဆောင်သော အချက်များလည်း တိုးလာပြီး အမျိုးမျိုးသော အနှောင့် အယှက်နှင့် ဖျက်ဆီးမှုများ ကြုံတွေ့ရကြောင်း၊ တရုတ်နိုင်ငံ၏ တရားမျှတသော ဖွံ့ဖြိုး တိုးတက်ရေး အခွင့်အရေးမှာ အကြောင်းမဲ့ ဖိနှိပ် ခံနေရပြီး တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားမှာ စိန်ခေါ် မှုများ အဆက်မပြတ် ကြုံတွေ့နေရကြောင်း ပြောကြားခဲ့ သည်။

ဝမ်ယိက တရုတ်-အမေရိကန် ဆက်ဆံမှုသည် တည်ငြိမ်မှန်ကန်စွာ တိုးတက်မှာလား၊ အောက်သို့ကျဆင်းမှာလား ဟူသော အရေးသည် နှစ်နိုင်ငံစလုံးအတွက် အရေးကြီးကြောင်း အ လေး ထား ပြောကြားခဲ့ သည်။

ဝမ်ယိက တရုတ်-အမေရိကန် ဆက်ဆံမှုနှင့်ပတ်သက်ပြီး တရုတ်ဘက်သည် “အစဉ်တစိုက်” ၃ ရပ်ရှိကြောင်း၊ တရုတ်ဘက်၏ သဘောထားသည် “အစဉ်တစိုက်” ဖြစ်ပြီး လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်း ရှုထောင့်မှ တရုတ်-အမေရိကန် ဆက်ဆံမှုကို သဘောထားကြောင်း၊ တရုတ်ဘက်၏ ရပ်တည်ချက်သည် “အစဉ်တစိုက်” ဖြစ်ပြီး သမ္မတ ရှီကျင့်ဖိန် အဆိုပြုထားသော အပြန်အလှန် လေးစားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် အပြန်အလှန် အကျိုးရရှိရေးကို စွဲကိုင်ထားကာ တရုတ်-အမေရိကန် ဆက်ဆံမှု တည်ငြိမ် ပုံမှန် ရေရှည် ဖွံ့ဖြိုးတိုးတက်နိုင်ရန် တွန်းအားပေးကြောင်း၊ တရုတ်ဘက်၏ တောင်းဆိုချက်သည် “အစဉ်တစိုက်” ဖြစ်ပြီး အဓိက အကျိုးစီးပွားများကို အပြန်အလှန် လေးစားပြီး အမေရိကန်အနေနှင့် တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ် ရန်၊ တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို မဖိနှိပ်ရန်၊ တရုတ်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားဘက်များတွင် ထိခိုက်မှုများ မပြုလုပ် ရန် တောင်းဆိုထားကြောင်း အလေးထားပြော ကြားခဲ့သည်။