Shenzhou -၁၈ လူလိုက်ပါသည့်အာကာသယာဉ် လွှတ်တင်မှု အောင်မြင်ပြီး အာကာသ ယာဉ်မှူးများသည် တရုတ် အာကာသစခန်းတွင် အောင်မြင်စွာ ဝင်ရောက်

(GMT+08:00)2024-04-26 13:33:51  

တရုတ်လူလိုက်ပါသည့်အာကာသလုပ်ငန်းရုံးမှသတင်းအရ ဘေကျင်းစံတော်ချိန် ဧပြီလ ၂၅ ရက်နေ့ ည ၈ နာရီ ၅၉ မိနစ်တွင် Shenzhou -၁၈ လူလိုက်ပါသည့်အာကာသယာဉ်ကို တင်ဆောင်သော Long March 7 Yao 18 သယ်ဆောင်ဒုံးပျံအား Jiuquan ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ ဧပြီလ ၂၆ ရက်နေ့ မနက် ၅ နာရီ ၄ မိနစ်တွင် ကမ္ဘာပတ်လမ်းတွင်  တာဝန်ထမ်းဆောင်နေသောShenzhou-၁၇ အာကာသယာဉ်မှူးအဖွဲ့သည် ၎င်းတို့၏ "နေအိမ်" ကို ဖွင့်လှစ်ခဲ့ပြီး Shenzhou ၁၈ အာကာသယာဉ်မှူးအား "Tiangong" အာကာသစခန်းသို့ အခြေချရန် ကြိုဆိုခဲ့ ကြ သည်။