အမေရိကန်က အာရှ ပစိဖိတ်မှာ တာလတ်ပစ်ဒုံးကျည်များ ချထားခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံမှ ပြတ်ပြတ်သားသား ပြန်လည် တုံ့ပြန် မည်ဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-04-26 16:25:52  

   ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းက တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ စီနီယာဗိုလ်မှူးကြီး ဝူချန်သည် သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။

   အမေရိကန် ပစိဖိတ် ကြည်းတပ်သည် သတင်းထုတ်ပြန်ပြီး အမေရိကန် အမှတ်(၁) Multidomain Task တပ်ဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် ဖိလစ်ပိုင်နိုင်ငံ luzon ကျွန်း မြောက်ပိုင်းတွင် တာလတ်ပစ်ဒုံးကျည်များကို ချထားခဲ့သည်ဟု ဖော်ပြခဲ့သည်။ ယင်းဒုံးကျည်များသည် တရုတ် ကမ်းရိုးတန်းအထိ ပစ်လွှတ်နိုင်သည်ဟု ကျွမ်းကျင်သူက ဆိုခဲ့သည်။ ယင်းအပေါ် တရုတ်ပြည်ဘက်က မည်သို့ ပြောချင်ပါ သနည်းဟု သတင်းထောက် တစ်ဦးက မေးမြန်းသည့်အခါ

  ဝူချန်က အမေရိကန်က အာရှ ပစိဖိတ်ဒေသမှာ တာလတ်ပစ် ဒုံးကျည်များ ချထားခြင်းကို မိမိတို့ ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ယင်းရပ်တည်ချက်သည် ရှင်းလင်း ပြတ်သားကြောင်း၊ အမေရိကန်၏ လုပ်ရပ်သည် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးကို ပြင်းပြင်းထန်ထန် အန္တရာယ် ပြုနေပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ပြင်းပြင်းထန်ထန် ထိခိုက်ကာ တရုတ်ပြည်မှ ပြတ်ပြတ်သားသား ပြန်လည် တုံ့ပြန် မည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံသည် ကိုယ့်ကိုယ်ကိုလည်း ထိခိုက် သူများကိုလည်း ထိခိုက်သည့် ဖြစ်ရပ်မျိုး မဖြစ်စေဖို့ ဝံပုလွေကို အိမ်ခန်းထဲ ဝင်စေသည့် အဖြစ်မျိုး မပြုလုပ်ရန် မျှော်လင့်ကြောင်း ဖြေကြားခဲ့ပါသည်။