ရေရှည် အပစ်အခတ် ရပ်စဲရေးကို အရင်ဆုံး အကောင်အထည် ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဟားမတ်စ်ဆို

(GMT+08:00)2024-04-26 13:32:21  

ဒေသစံတော်ချိန် ဧပြီလ ၂၅ ရက်နေ့က အမေရိကန်အပါအဝင် နိုင်ငံ ၁၈ နိုင်ငံတို့သည် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ ပါလက်စတိုင်း အစ္စလာမ္မစ် ခုခံရေး လှုပ်ရှားမှုအဖွဲ့ (ဟားမတ်စ်) က ဂါဇာ အကျပ်အတည်းကို အဆုံးသတ်ရန်အတွက် ဖမ်းဆီးထားသူအားလုံးကို ချက်ချင်း လွှတ်ပေးရန် ပန်ကြားခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ဟားမတ်စ်က နိုင်ငံတကာ မိသားစုကြီးသည် အစ္စရေးအား ၎င်း၏ကျူးကျော်မှုကို ရပ်တန့်ရန် ဖိအားပေးပြီး ဂါဇာဒေသ၌ ရေရှည် အပစ်အခတ် ရပ်စဲရေးကို အကောင်အထည် ဖော်ဆောင်သင့်ကြောင်း၊ ဟားမတ်စ်ကို အမေရိကန်က အဓိပ္ပာယ်မဲ့ ဖိအားပေးနေကြောင်း ပြောကြားခဲ့ သည်။