၂၀၂၄ခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်စီးပွားရေးသည် ၁.၆ရာခိုင်နှုန်း တိုးလာပြီး တိုးတက်မှု နှုန်းမှာ သိသိသာသာ ကျဆင်း

(GMT+08:00)2024-04-26 13:03:42  

    အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒေသစံတော်ချိန် ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သော ခန့်မှန်းစာရင်းအရ ၂၀၂၄ခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်နိုင်ငံ၏  GDPသည် ၁.၆ရာခိုင်နှုန်းတိုးလာကာ  ယမန်နှစ် စတုတ္ထသုံးလ၏ တိုးနှုန်း၃.၄ရာခိုင်နှုန်းထက် သိသိသာသာကျဆင်းခဲ့သည်။

    ယခုနှစ် ပထမသုံးလပတ်မှစ၍ အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် အရှိန် အဟုန်ဖြင့် မြင့်တက်လာခဲ့၍  စားသုံးသူများနှင့် အစိုးရ၏ အသုံးစရိတ်များသည် လျင်မြန်စွာ ကျဆင်းစေသည်ဟု လေ့လာသူများက ထောက်ပြခဲ့ ကြသည်။