တရုတ်နိုင်ငံ၏ "ထုတ်လုပ်မှုပိုလျှံလွန်ကဲခြင်း" နှင့် ပတ်သက်၍ အနောက်တိုင်းမှ ဝါဒဖြန့်ခြင်းမှာ အခြေ အမြစ် မရှိသဖြင့် တရုတ်က ပြတ်ပြတ်သားသား ကန့်ကွက်သည်ဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီး ဌာန ဆို

(GMT+08:00)2024-04-26 12:54:47  

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနသည် ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီက အနောက်နိုင်ငံအချို့က တရုတ်နိုင်ငံသည် ထုတ်လုပ်မှုပိုလျှံလွန်ကဲသည်ဟု အကြိမ်ကြိမ် ပြစ်တင်ခဲ့ပြီး ယင်းကဲ့သို့ ပြောဆိုချက်သည် ကျိုးကြောင်းဆီလျော်မှုမရှိ၍ တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ စွမ်းအင်သစ်အဖို့ ကမ္ဘာလုံးဆိုင်ရာ ရှုထောင့်မှကြည့်လျှင် ထုတ်လုပ်မှုပိုလျှံခြင်းမဟုတ်ဘဲ ထုတ်လုပ်မှု ချို့တဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်လုပ်ငန်းကုမ္ပဏီများသည် တတ်နိုင်သော အရည် အသွေးမြင့် ထုတ်လုပ်မှုစွမ်းရည်ကို ဆက်လက်ပံ့ပိုးပေးနေပြီး ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် ဖွံ့ဖြိုးတိုး တက်မှုအတွက် အရေးကြီးသော အကျိုးသက်ရောက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ကိုယ်ကျိုးစီးပွား ကာကွယ်မှုကို ပြုလုပ်ရင်း အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်းဘုတ်ကို ကိုင်ဆောင်သော စံချိန် နှစ်မျိုး ထားသော လုပ်ရပ်သည် ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် အသွင်ကူးပြောင်းမှုကို နှောင့်နှေး စေရုံ သာမက ရာသီဥတု ဖောက်ပြန်မှု ပူးပေါင်းဆောင်ရွက်မှုအပေါ် ယုံကြည်မှုကို တုန်လှုပ်စေပြီး နိုင်ငံခြား ကုန်သွယ်မှု ဆောင်ရွက်ရန် လုပ်ငန်း ရှင်များ၏ သန္နိဋ္ဌာန်ကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။