“တရုတ်ရုပ်သံ ရာသီ” ဆာဗီးယားပြပွဲ ဖွင့်လှစ်

(GMT+08:00)2024-04-26 12:42:00  

ဒေသစံတော်ချိန် ဧပြီလ ၂၅ရက်နေ့က China Media Groupနှင့် ဆာဗီးယားနိုင်ငံတော် အသံလွှင့်ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းကျင်းပသော “တရုတ်ရုပ်သံရာသီ” ဆာဗီးယားပြပွဲ သည် Belgrade၌ စတင်ခဲ့ပါသည်။ CMGမှ ထုတ်လုပ်သော ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကား ၁၀ကား ကျော်ကို ဆာဗီးယားနိုင်ငံတော်အသံလွှင့်ရုပ်မြင်သံကြားဌာနတွင် ပြသ မည်ဖြစ်ပြီး ဆာဗီးယားပရိသတ်များအတွက် ခေတ်သစ်တရုတ်နိုင်ငံ၏ အညွန့်တလူလူ တိုးတက်မှုကို ပြသနေ ပြီး တရုတ်-ဆာဗီးယား ချစ်ကြည်ရေး အကြောင်းအရာများကို ဖော်ပြကာ နှစ်နိုင်ငံ ယဉ်ကျေးမှုကူးလူးဖလှယ်ရေး၊ အကျိူးတူ ပူးပေါင်း ဆောင်ရွက်ရေး၊ အတူဖွံ့ဖြိုးတိုးတက်ရေး၏ လှပသော မျှော်မှန်းချက်ကို လက်ဆင့် ကမ်းမည် ဖြစ်ကြောင်း သတင်းအရ သိ ရှိရ သည်။

၎င်းပြပွဲတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiong၊ ဆာဗီးယား ယဉ်ကျေးမှုဝန်ကြီးဟောင် Vukosavljevic နှင့် ဆာဗီးယားဆိုင်ရာ တရုတ်သံအမတ်ကြီး Li Mingတို့က ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ကြပါသည်။