၂၀၂၄ခုနှစ် ၁၈ ကြိမ်မြောက် ဘေကျင်းနိုင်ငံတကာ မော်တော်ကားပြပွဲကို ဖွင့်လှစ်၊ ကားသစ် ၁၁၇ စီးကို ကမ္ဘာပေါ်တွင် ပထမအကြိမ် ပြသ

(GMT+08:00)2024-04-26 13:01:48  

     ၂၀၂၄ခုနှစ် ၁၈ ကြိမ်မြောက် ဘေကျင်းနိုင်ငံတကာ မော်တော်ကားပြပွဲကို  ဧပြီလ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ်မော်တော်ကားပြပွဲကို "ခေတ်သစ်၊ ကားသစ်" ဆောင်ပုဒ်ဖြင့် ဧပြီလ ၂၅ရက်နေ့မှ မေလ၄ရက်နေ့အထိ  ဘေကျင်းမြို့ရှိ တရုတ် နိုင်ငံတကာကုန်စည်ပြပွဲစင်တာ ၏ Shunyi စင်တာခွဲနှင့် Chaoyang စင်တာခွဲတွင် ကျင်း ပ မည်ဖြစ်ပါသည်။ ယခုအကြိမ်ပြပွဲတွင် စုစုပေါင်းကားသစ် ၁၁၇ စီး ကမ္ဘာလုံးတွင် ပွဲဦး ထွက် ပြသခဲ့၍ သမိုင်းစံချိန်တင် အရေအတွက်ကို ဖန်တီးနိုင်ခဲ့သည်။ ယခုပြပွဲတွင် စွမ်းအင် သစ်သုံး မော်တော်ကား ၂၇၈ စီးရှိပြီး ယမန်နှစ် မော်တော်ကားပြပွဲကထက် ၇၀ရာခိုင်နှုန်းတိုးလာကာ  ပွဲဦးထွက်ပြသသည့် ကားသစ်များ၏ ၈ဝရာခိုင်နှုန်းသည် စွမ်းအင်သစ်သုံးမော်တော်ကားများဖြစ် ပြီး  စွမ်းအင်သစ်သုံးမော်တော်ကားတံဆိပ် ၂၀ခန့်သည်  မော်တော်ကားပြပွဲ တွင် ပထမ အကြိမ် ပါဝင်ပြသခဲ့ပါသည်။